Facebook name change
Wednesday, October 1, 2014
Facebook မှာ ရက် ၆၀ မစောင့်ပဲ နာမည်ချိန်းနည်း
Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကို နာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေးသားထားပါတယ်။
အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက်ချင်း ပြောင်းလဲနည်းပါ။
ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။
ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the last 60 days." ) လို့ရေးသားထားပါတယ်။
ဒီလို ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေးကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။

ပြီးတဲ့နောက်မှာတော့ Facebook က သူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။ အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။
အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။
အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။
ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။
Facebook User အားလုံး Profile Name တွေ စိတ်ကြိုက်ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..
ABT ( နည်းပညာမျှဝေသူ ) at 2:46 AM
3 comments:
ko yeNovember 23, 2014 at 12:10 PM
send နှိပ်ပြီး close case ပေါ်ပြီး မပြောင်းဘူးဖြစ်နေလို့ ပြောပြပေးပါဦး ခင်ဗျာ
minaung kyawSeptember 29, 2016 at 2:02 AM
ပြောင်းဘူး
minaung kyawSeptember 29, 2016 at 2:02 AM
ပြောင်းဘူးရော
About Me
ABT ( နည်းပညာမျှဝေသူ )View my complete profile
Powered by Blogger.
Comments
Post a Comment